မဲဇာမြိုင်ခြေ စီးထွေထွေ အုံ့ဆိုင်းမှိုင်းဝေဝေ
ငှက်မြည်သံတွန်ကျူးကာ ဘာသာဘာဝ
ပျော်မြူးကြပေ
၁(
သေလာသောင်ကမ်း နှင်းငွေ့ဝေ ညိုမှောင်ရီသိုင်း မှိုင်းလို့ဝေ
မောင်ရေ...ကြည်နူးဖွယ်ကောင်းတဲ့ မြစ်နဒီသွင်သွင်
စီးလို့သာ ရစ်ခွေ)၂
၂(
ငွေသောင်ယံကမ်းခြေ လွမ်းဖွယ်တွေ
တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့ မဲဇာမြိုင်တောခြေ)
၃(
လှိုဏ်ဂူနန်းနဲ့ စိမ့်စမ်းထွေထွေ မာလာစုံပေါတဲ့ တောဝနာဗွေ
ကံ့ကော်ပွင့် စောင့်ရင်း မျှော်တင်းဝေဝေ)၂
ပန်းပိတောက် ကြူးရနံ့ ထူးပျံ့လှိုင်ဝေ
သရဖီ ရွှေအင်ကြင်း ခင်းအပျံ့ ဝင်းဖန့်ဖန့် ဖြူဖွေးကာနေ
ခတ္တာ ပုန်းညက် ကြိုင်ထုံသင်းပေ
(၂)
၄(
ပဒုမ္မာရွှေကြာ ကုဏ္ဍလာအိုင်မင်းတွေ ငှက်ဇာမဏီ ဒေါင်းအိုးဝေ
အော်မြည်ကာ ပျံသန်းလို့နေ)၂
ရွှေငါးကြင်းနဲ့ ငါးတန်တွေ
ရေဇလာအတွင်းမှာ လူးလာပျော်ရွှင် မြူးကြပေ
မဲဇာမြိုင်ကဗျာ (မြန်မာမူရင်း)