A Patch of Old Snow
Myanmar
နှင်းအိုတစ်ကွက်
ထောင့်ချိုးက နှင်းအိုတစ်ကွက်
ငါ မခန့်မှန်းနိုင်ခဲ့
မိုးနဲ့အတူ လွင့်မျောလာတဲ့
သတင်းစာတစ်စောင် အနားယူလျက်။
ပုံနှိပ်စာလို ဖြန့်ကျက်လျက်
ဟိုတစ်ပြောက် သည်တစ်ပြောက် ညစ်ထင်ခဲ့
ငါ ဖတ်မိနိုင်ခဲ့ပေမယ့်
မေ့လျော့သွားတဲ့ နေ့ရဲ့ သတင်း ဖြစ်နေခဲ့။
(Translated by Cho Lwin Phu)
English
There's a patch of old snow in a corner
That I should have guessed
Was a blow-away paper the rain
Had brought to rest.
It is speckled with grime as if
Small print overspread it,
The news of a day I've forgotten -
If I ever read it.
Robert Frost
